Local News

ကချင်ပြည်နယ်၏ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၄ ရက်နေ့ အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၄  ရက်နေ့ များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၆၄၁၁၂၁၉.၉၄ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၄၈၄၃၈၅.၂၀ ကန်ဒေါ်လာ တင်သွင်းမှု ရှိခဲ့ပါသည်။

တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ မြေထောက်ပဲ၊ ဆန်၊ ကြံ၊ ပဲယင်း၊ နှမ်း၊ ပဲတီစိမ်း၊ နိုင်လွန်ပဲ၊ ငရုတ်သီး၊ ဖရဲသီးနှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၂၈၉၇၉၁၁.၉၄ ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုက်တီနယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ‌ငွေပမာဏတန်ဖိုးမှာ ၃၅၁၃၃၀၈.၀၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ  စက်နှင့်စက်ပစ္စည်းများ၊ လယ်ထွန်စက်များ၊ ကုန်ထုတ်စက္ကူများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဓါတုဗေဒချည်ခင်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သံနှင့် သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ ဓါတ်မြေဩဇာများ၊ ချည်ထည်များ၊ အခြားစက္ကူများ၊ ကားတာယာ၊ မြက်ခင်းတု နှင့် ဒီဇယ်အင်ဂျင်များ တင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေး စခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၁၀၃၄၅၀ တင်သွင်းမှု ရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏ တန်ဖိုးမှာ ကန်ဒေါ်လာ ၃၈၀၉၃၅.၂၀ တင်သွင်းမှု ရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၃၂ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၁.၂၀ ကျပ် ရှိကြောင်းသိရှိရပါသည်။

မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News